သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉) နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း (Youth Clb)တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်တင်စန်းက အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော မီးယပ်ရောဂါနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ (Women Club) အဖွဲ့ဝင် ဒေါ်စန်းစန်းသွယ်၊ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်ဝိုင်းသူဇာခင်၊ လူငယ်အသင်း (Youth Club)အဖွဲ့ဝင် မယွန်းပြည့်ဖူးငုံ၊ နန်းမိုးမိုးဦးတို့က အမျိုးသမီးများတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်တင်စန်းက အသေးစိတ်ပြန်လည်ရှင်းလင်းပြောကြားခဲ့ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)