ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ၀င်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်

 ချမ်းမြသာစည်  ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ သီလရက္ခိတဓမ္မာရုံတွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါ၀င်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က တွေ့ဆုံဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အဖွဲ့၀င် (၁)ဗိုလ်မှူး ဝေဖြိုးအောင်က လုံခြုံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ ရဲမှူးသိန်းထွန်းက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများအကြောင်းကိုလည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိဒေါ်ဇင်မာအောင်က ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် (PR) အကြောင်းကို လည်းကောင်း၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒု-လဝကမှူး ဦးတင်ကိုကိုထွဋ်က မှတ်ပုံတင်/အိမ်ထောင်စုစာရင်းပြုလုပ်ခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့‌ကြောင်းသိရသည်။ ထို့နောက်တက်ရောက်လာကြသူများ၏ မေးမြန်းမှုအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေဖြိုးအောင်၊ အဖွဲ့ဝင်(၂) ဉီးဇော်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသိန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)