ဂန့်ဂေါ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်ခြင်းများနှင့် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် ဆေးရုံလမ်းစုံနေရာတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign လှုပ်ရှားမှုပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား Mask အခုရေ ၁၀၀၀ အား အခမဲ့ဖြန့်ဝေကာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန်၊ လူစုလူဝေး ရှောင်ကြရန်၊ အိမ်ပြန်ရောက်ပါက လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးရန်၊ Mask များကို ပါးစပ်နှင့်နှားခေါင်းတွင် စနစ်တကျတပ်ဆင်စေပြီး ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်ကြရေး အသိပညာပေးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများနှင့် Mask Campaign ဆောင်ရွက်ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)