ဘီးလင်းမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး ပြုလုပ်

ဘီးလင်း ဒီဇင်ဘာ ၁၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘီးလင်းမြို့နယ်မှ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက် နံနက်(၁၀)နာရီက ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ (လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ)ဦးညီညီဝင်းက ကော်မတီအစည်းအဝေးပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ မိမိဌာနအလိုက် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး World Vision မှ စီမံချက်မန်နေဂျာနော်သင်းစိန်က လေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)