တောင်တွင်းကြီး နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား အားကစားပွဲ မြို့နယ်အဆင့် လူရွေးပွဲကို မြို့နယ်ပညာရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့နံနက် (၇) နာရီအချိန်က မြို့နယ်ရန်ပယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား အားကစားပွဲ မြို့နယ်အဆင့် လူရွေးပွဲကို မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၈) နှစ်အောက် ကျောင်းသား/သူများဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့နံနက်က ကျား/မဘောလုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒီဇင်ဘာ ၁၄ ရက်နေ့၌ ကျား/မ ဘော်လီဘောပြိုင်ပွဲနှင့် “ကျား” ပိုက်ကျော်ခြင်း ပြိုင်ပွဲများကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်လည်း ကျား/မ ပြေးခုန်ပစ် ပြိုင်ပွဲများ အဖြစ် အပြေးပြိုင်ပွဲ မီတာ (၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀)၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပြိုင်ပွဲများယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲများတွင် ရွေးချယ်ခံသည့် ကျောင်းသား/သူများအနေဖြင့် ခရိုင်အဆင့်တွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)