ပင်းတယ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းအသိပညာပေး Talk Show ဆောင်ရွက်

ပင်းတယ ဒီဇင်ဘာ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်း အသိပညာပေး Talk Show အား Online မှတစ်ဆင့် တင်ဆက်ခြင်း အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အသိပညာပေး Talk Show များ ရိုက်ကူးတင်ဆက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ​ဒေါ်အေးအေးသန့်က အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ မှတ်ပုံတင်ရာတွင် လိုအပ်သည့်အချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြဌာန်းထားသည့် ဥပဒေနှင့်နည်းဥပဒေများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ မှတ်ပုံတင်ပေးသော လုပ်ငန်းအမျိုးအစားများ၊ မှတ်ပုံတင်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းအသိပညာပေး Talk Show အပြည့်အစုံကို We Love Pindaya Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) အနေဖြင့် ဒေသအတွင်းရှိဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show များကို လစဉ်ရိုက်ကူး၍ Online မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)