ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် တိုင်း‌ဒေသကြီးပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ နိုင်ငံသားစိစစ်ရေးကတ်စိစစ်ခြင်းလုပ်ငန်းများအား‌တွေ့ဆုံရှင်းလင်းဆွေးနွေး

ဒဂုံမြောက် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ကော်မရှင်ရုံးတွင် တိုင်းဒေသကြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းကလာရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များ စိစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ လမ်းညွှန်‌မှာကြားခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်စောဝင်း၊ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးဇော်နိုင်ဦးနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးစိုးလွင်တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ  လဝကတိုက်နယ်မှူးများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ရုံးအဖွဲ့များအား တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြရာ ရန်ကုန်တိုင်းတာဝန်ခံဉီးအောင်စောဝင်းမှ နိုင်ငံသားစိစစ်ရေးကတ်များစိစစ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ်များ (၂)ကြိမ်၊ (၃)ကြိမ်စသဖြင့် ပါဝင်နေသည်များကို တိုက်ဆိုင်စစ်ဆေးနိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်ရုံးဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ