ချမ်းမြသာစည် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A)လမ်းနှင့်၁၁၄ (D) လမ်း၊ ပုညနန္ဒာဓမ္မာရုံတွင်နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါ၀င်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က တွေ့ဆုံဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းက အသင်းအဖွဲ့ဆိုင်ရာဥပဒေများ အကြောင်းကိုလည်းကောင်း၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ အင်အားဦးစီးဌာနက မှတ်ပုံတင်ပြုလုပ်ခြင်း အိမ်ထောင် စုဇယားပြုလုပ်ခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စည်/ပင်မှ အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည် းကောင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင် က ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးမည့်အချိုးကျကိုယ်စား ပြုစနစ် (PR) အကြောင်းကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာဦးခင်ဇော်က ဓာတ်အား ဖြန့်ဖြူးရေး စနစ်များအကြောင်းကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းမှုအား သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)