နတ်မောက် ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူထုအခြေဗဟိုဌာန (Community Centre )ဘက်စုံ သုံးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရာတွင် ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ယှဉ်ပြိုင်ကြိုးစား တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် လူရည်ချွန်ကောင်းများဖြစ်စေရန် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/သူ (၂၀)ဦးတို့က သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ ဆုများချီးမြှင့်ပေးခဲ့သည်။
လှဝင်း