ဆဒုံးမြို့ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဆဒုံးပါ)၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကျင်းပ

ဆဒုံး ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဆဒုံးပါ)၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/ သူများက ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဆဒုံးမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားကာ အခြေခံပညာ မူလတန်းလွန်ကျောင်း (ဆဒုံးပါ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခေါ်န်လောမ့်က ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်မြင်စွာ ဖြေဆိုနိုင်သည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ဆုရကျောင်းသား/ သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်၊၊

ခင်မာဝင်း(ဆဒုံး)