ရွှေဘို ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ကာတွန်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အောင်ဇေယျခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် စိန်ရတုလွတ်လပ်ရေးမှသည် ဒီမိုကရေနိုင်ငံတော်သစ်ဆီသို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်အား စိန်ရတုလွတ်လပ်ရေးနေ့နှင့် ယနေ့လူငယ်တို့၏ တာဝန်ခေါင်းစဉ်ဖြင့် လည်းကောင်း မူလတန်းအဆင့်အားလွတ်လပ်ရေးနေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် မြတ်နိုးသင့်ပေချစ်အမွေခေါင်းစဉ်ဖြင့်လည်ကောင်း၊ အလယ်တန်းအဆင့်တွင် ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်တွင် လွတ်လပ်ရေးအစဉ်လမ်းဖို့တို့ သွေးချင်းတို့လက်တွဲစို့ ခေါင်းစဉ်၊ အလယ်တန်းအဆင့်တွင် လွတ်လပ်ရေးပွဲတော်တို့နွဲပျော် ခေါင်းစဉ်၊ မူလတန်းအဆင့်တွင် လွတ်လပ်ရေးနေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကာတွန်းပြိုင်ပွဲတွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့် ဆိုင်သည့် အပြုသဘောဆောင်သည့် ကာတွန်းခေါင်းစဉ်များဖြင့် ရွှေဘိုမြို့နယ် ကျောင်းပေါင်းစုံရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း (၁၃၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲသို့ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဉီးညီညီအောင်၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဇော်မျိုးဝင်း၊ မြို့နယ်ပညာရေးမှူးဦးအောင်ကျော်စိုး၊ အထက်တန်းကျောင်းအုပ်ကြီးများက ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား ကြည့်ရူ့အားပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရှိရသည်။
အေးမြင့်စန်း
ခရိုင်ပြန်/ဆက်