ဗန်းမောက်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့်ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်‌ပေး

ဗန်းမောက် ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့တွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပန်းပျိုးလက်ကိုယ်ပိုင် အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဆောက်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှရီက လူငယ်လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ခိုင်မာရေး၊ စာအုပ်စာပေချစ်မြတ်နိုးပြီး စာအုပ်စာပေ ဖတ်ရှု့စေရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မေသူ(ဗန်းမောက်)