အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်နေ ပြည်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပ ဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဆင်စွယ်ကွတ် ရပ်ကွက်ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို (၁၂-၁၂-၂၀၂၂) ရက်နေ့ နေ့လယ် ၁ နာရီက အဆိုပါရပ်ကွက်ရှိ တောင်မင်းကြီး ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။