စမ်းချောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ Cross Check စစ်ဆေးခြင်းလုပ်ငန်း One Unit အတွက်ဆောင်ရွက်

စမ်းချောင်း  ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ မဲစာရင်းမှန်ကန်‌စေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို Cross Check စစ်ဆေးခြင်းလုပ်ငန်း One Unit အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ကော်မရှင်အဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ကော်မရှင်အဖွဲ့ခွဲ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများဖြင့် မဲဆန္ဒရှင်စာရင်းများ Cross Check စစ်ဆေးခြင်းလုပ်ငန်း One Unit အတွက် စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နီလာစိုး