စမ်းချောင်း ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးတို့ဖြင့် မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဘဝင်းက မြို့နယ်အတွင်း အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးတို့ဖြင့် မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးများက ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နီလာစိုး