သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ သွားရောက် ငှားရမ်း
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့်  စာပေဖတ်ရှုလိုသူ ဝန်ထမ်းများအား  စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်များ အခမဲ့ငှါးရမ်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွတ်ပေးလျက်ရှိရာ  ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြန်မာ့စီးပွါးရေးဘဏ်သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Dec 14,2022
ပေါင်းတည် ဒီဇင်ဘာ ၁၄ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို ရွေးချယ်ဖတ်ရှုတတ်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် Mobile သုံးဘီးယာဉ်ဖြင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်များငှားရမ်းခြင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက သပြေကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၄/၂၀၂၂ ဆင်းပွဲ ကျင်းပ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး ကျင်းပ‌သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၄/၂၀၂၂ ဆင်းပွဲကို ကြက်သွန်ကွင်းကျေးရွာ၊ ဘုန်း​တော်ကြီးကျောင်း ဓမ္မာရုံ၌ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်က အောင်မြင်စွာ ကျင်းပခဲ့သည်။
မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 14,2022
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာကာ ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍  မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ခိုက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသောလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
သာပေါင်းမြို့နယ်မှ MSMEs ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲတွင် ပြသနိုင်ရေး စီမံဆောင်ရွက်
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် MSMEs ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲတွင် ပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်တို့ ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ တွေ့ဆုံ စီမံဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံစည်းဝေးခန်းမ၌ မျက်စိဝေဒနါရှင်များအား အခမဲ့စမ်းသပ်စစ်ဆေးပေးခြင်းပြုလုပ်
Dec 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရွှေမျက်မှန်ပရဟိတအသင်း (One dollar glas foundation)တို့၏ ပူးပေါင်းမှုတို့ဖြင့်မွန်ပြည်နယ်အတွင်း"မရှိ၍မလင်းသူမရှိစေရ" အစီအစဉ်အရ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကုသသည်။
သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသဖွံဖြိုးရေးလုပ် ငန်းများ  ဖြည့်ဆည်းပေးနိုင်ရေးဆက်လက်ကွင်းဆင်းဆောင်ရွက်
Dec 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ဝယ်ကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ရပ်၊အောင်သုခ ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံသည်။
လယ်ဝေးမြို့နယ်တွင် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းများအောင်မြင်စေရေး သက်ဆိုင်ရာဌာနများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး
Dec 14,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လယ်ဝေးမြို့နယ်တွင် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းများအောင်မြင်စေရေး သက်ဆိုင်ရာဌာနများနှင့် ကျေးရွာအုပ်စု(၃၁)အုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်( ၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။