သတင်းများ

တောင်တွင်းကြီးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 14,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုးမောက်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော မြစိမ်းရောင် (သမဝါယမ) ကျေးရွာစီမံကိန်း မတည်ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Dec 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မံပုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော မြစိမ်းရောင်(သမဝါယမ) ကျေးရွာစီမံကိန်း မတည်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ကျင်းပရာ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နောင်တောင်းပရဟိတကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ကျင်းပ
Dec 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နောင်တောင်းပရဟိတကျောင်းတို့ ပူပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင် မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအား စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Dec 14,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ၁၂-၁၂-၂၀၂၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး PSA ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား လက်ခံ တွေ့ဆုံ
Dec 14,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပို့ကုန်ကဏ္ဍ တိုးမြှင့်နိုင်ရန်အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က PSA ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ပြည်နယ်အစိုးရ အဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ကရင်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ယမန်နှစ်ကထက် ၆၄ ဒသမ ၁၇ ရာခိုင်နှုန်းတိုးတက်
Dec 14,2022
ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ၆၄ ဒဿမ ၁၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ဝင်ရောက်ခဲ့ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။
(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်းကြာ (ကော့ယာမွန်) ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Dec 14,2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာ (ကော့ယာမွန်) ကျေးရွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းသစ် မုခ်ဦး တည်နေရာ၌ ကျင်းပသည်။
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ စစ်တွေမြို့၌ ကျင်းပ
Dec 14,2022
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများ အားကစားပြိုင်ပွဲများကို စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ဒီဇင်ဘာလ ၁၁ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိကြောင်းသိရသည်။