အမရပူရ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပ ဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဆင်စွယ်ကွတ် ရပ်ကွက်ဒေသခံပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို (၁၂-၁၂-၂၀၂၂) ရက်နေ့ နေ့လယ် ၁ နာရီက အဆိုပါရပ်ကွက်ရှိ တောင်မင်းကြီး ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်တေဇက ဒေသခံပြည် သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကော်မရှင် ဒုတိယဦးစီးမှူး ဦးဇော်လတ်က လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၂ ဦးကိုကိုဇော်က ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ တင်ပြကြရန် ပြောကြားခဲ့ သည်။ ဆက်လက်ပြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဝင်းကိုနှင့် အတွင်းရေးမှူး ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ခင်မောင်ညီတို့က လက်ရှိနိုင်ငံရေး အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ တက် ရောက်လာသူများက မှတ်ပုံတင်ကိစ္စ၊ လမ်းမီးလင်းရေးကိစ္စရပ်များ၊ လုံခြုံရေးကိစ္စများကို တင်ပြကြရာ သက်ဆိုင်ရာဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသော ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆန်တစ်ပြည်အိတ် (၂၄) အိတ်၊ ဆီငါးဆယ်သားဘူး (၁၀) ဘူး၊ ကြက်ဥငါးလုံးထုပ် (၂၀) ထုပ်တို့ကို တက်ရောက်လာသည့်ပြည်သူများအား မဲဖောက်၍ ရရာပစ္စည်းများပေး အပ်ခဲ့ကြောင်းသိရသည်။
စိုးသီဟ(အမရ)