ရေဖြူ ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယနေ့နေ့လယ် ၂ နာရီက ရေဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ကျောင်းသား/သူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုတက် လာစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ အနာဂတ်တွင် ထွန်းတောက်သော လူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရန်၊ အရောင်များကို စနစ်တကျရွေးချယ်တတ်စေရန်၊ တီထွင်ဖန်တီးမှုစွမ်းရည် မြှင့်မားလာစေရန်၊ အသိပညာတိုးပွားလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ သရက်ချောင်းမြို့၊ အ-ထ-က ရေဖြူကျောင်းမှ ကျောင်းသား/သူ (၂၀) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီးမြှင့်သွားမည်ကြောင်း သိရသည်။
ခတ္တာ