သတင်းများ

မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Dec 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးနှင့် ဝန်ထမ်းများသည် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ ခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအခမ်းအနားကျင်းပ
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာတို့ပူးပေါင်း၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ပေါင်းတည်အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 14,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာ စောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင်   ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးအုပ်စု အမှတ်(၉)ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အထက(ခွဲ)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ မြို့မဈေးနှင့် အေးမြသီတာဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်
Dec 14,2022
မြင်းခြံမြို့ မြို့မဈေးနှင့် အေးမြသီတာဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ​ဈေးများရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများအနီးတွင် ဆောင်ရွက်ကြောင်း သိရ သည်။
နွားထိုးကြီးမြို့နယ် လျှပ်စစ်မှ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး ကြိုးပမ်းဆောင်ရွက်
Dec 14,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း မီးသုံးသူပြည်သူများ၏ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးအတွက် လိုင်းဝန်ထမ်းများက မြို့နယ်အတွင်း ဓာတ်အားလိုင်းတစ်လျှောက်ရှိ
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော် ကျင်းပနိုင်ရေး မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားလူ‌ရွေးပြိုင်ပွဲ ကျင်းပ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော် ကျင်းပနိုင်ရေး မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ‌ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစား လူရွေးပြိုင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၌ ဆောင်ရွက်သည်။
ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Dec 14,2022
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲဇီး(မူလွန်)ကျောင်း၌ ကျင်းပခဲ့သည်။