လောင်းလုံး ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားရာ၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွင် စည်းကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ အား/ကာဌာနနှင့် ပညာရေးဌာနတို့အနေဖြင့် ပြုလုပ်မည့် အားကစားနည်း များနှင့် ဆောင်ရွက်မည့် အစီအစဥ်များအား တင်ပြပေးရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိကျရာဌာနရုံးများတွင် အခြေချနေထိုင်ကြရန်၊ လုပ်ငန်းတစ်စုံတစ်ခု ရှိလာလျှင် ခေါ်ယူသည့် အခါ မဖြစ်မနေတက်ရောက်ပေးကြရန်၊ အစည်းအဝေး၊ အခမ်းအနားများ ပြုလုပ်သည့် အခါတွင်လည်း မပျက်မကွက်တက်ရောက်ကြရန်၊ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ဆွေးနွေးပြောကြား၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)