ပေါင်းတည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို ရွေးချယ်ဖတ်ရှုတတ်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် Mobile သုံးဘီးယာဉ်ဖြင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်များငှားရမ်းခြင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက သပြေကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခြင်းများပြုလုပ်ပေးခဲ့ကြောင်းနှင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ၊ စာဖတ်ပရိသတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် Mobile သုံးဘီးယာဉ်ဖြင့် သုတ၊ ရသအုပ် ၁၂၀ နှင့် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ကလှူဒါန်းထားသည့်ရုပ်ပုံပါ စာအုပ် ၁၀၀ တို့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာဖြင့်ဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)