သတင်းများ

ပုဗ္ဗသီရိမြို့နယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 14,2022
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ (၃) နာရီအချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် လူငယ်များဗလငါးတန်ဖြင့်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူငယ်များဗလငါးတန်ဖြင့်ပြည့်စုံစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “ပလပ်စတစ်ညစ်ညမ်းမှု” အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်
Dec 14,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် “ပလပ်စတစ် ညစ်ညမ်းမှု” မဖြစ်စေရေး အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန၌ ယမန်နေ့၊ မွန်းလွဲ(၃)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Dec 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
စဉ့်ကူးမြို့နယ်၊ မင်းကြီးကုန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မင်းကြီးကုန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ မင်းကြီးကုန်းကျေးရွာရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက်အတွင်း ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ဝါးခယ်မမြို့နယ် ဓနုံးချောင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကျုံခရာကျေးရွာအုပ်စု၊ ဓနုံးချောင်းကျေးရွာ၊ ဇေယျမင်္ဂလာဘုန်း‌တော်ကြီးကျောင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့်ကစားသမားများ ရွေးချယ်
Dec 14,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကျောင်းသားအားကစားပွဲတော်ကျင်းပပြုလုပ်မည်ဖြစ်ရာ ခရိုင်အဆင့်အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့် လူရွေးချယ်ရေးလုပ်ငန်းများကို  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ ယမန်နေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတွင် လူရွေးချယ်မှုများပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။