မုဒုံ ဒီဇင်ဘာ ၁၄
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာကာ ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ခိုက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသောလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကကြီးကြပ်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော့ခိုက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများဖြင့် ဆောင်ရွက်ထားသောလုပ်ငန်းများ လအလိုက်ဖြည့်သွင်းရမည့်ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိ၊ မရှိနှင့်လုပ်ငန်းအခြေ အနေများကိုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ကော့ခိုက်ကျေးရွာသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူဦးရေ စုစုပေါင်း(၁၀၄)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေကျပ် ၄၇ ဒသမ ၈ သန်းကို ထုတ်ချေးပေးထားကြောင်း၊ မြစိမ်းရောင်းကျေးရွာစီမံကိန်းကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)