လယ်ဝေးမြို့နယ်တွင် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းများအောင်မြင်စေရေး သက်ဆိုင်ရာဌာနများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး

လယ်ဝေး    ဒီဇင်ဘာ  ၁၃

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လယ်ဝေးမြို့နယ်တွင် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းများအောင်မြင်စေရေး သက်ဆိုင်ရာဌာနများနှင့် ကျေးရွာအုပ်စု(၃၁)အုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်( ၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား အသေးစိတ်ရှင်းလင်းနိုင်စေရန်အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ခေါ်ယူဆွေးနွေးခြင်းဖြစ်ပါကြောင်း ဆက်စပ်ဌာနများမှ ရှင်းလင်းဆွေးနွေးချက်များအားမှတ်သား၍ သိလိုသည်များအား သေချာမေးမြန်းသွားရန် ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းဖိုး ဖြည့်ဆည်းပေးမည့် ကိစ္စနှင့်ပတ်သက်၍ အစုအဖွဲ့များဖြင့် ဆောင်ရွက်ရမည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် လယ်ဝေးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာနှင့် မြို့နယ်သမဦးစီးမှူးတို့က နွေစပါးစိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ထုတ်ချေးပေးမည့်  ကိစ္စနှင့်ပတ်သက်၍လည်းကောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပုံစံ(၇)ရရှိရေးနှင့်ပတ်သက်၍လည်းကောင်း၊ တည်ဆောက်ရေး(၅)မှ တာဝန်ရှိသူများက ဆည်ရေပေးဝေရေးနှင့်ပတ်သက်၍လည်းကောင်း တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးဧကသတ်မှတ်ရေး သွင်းအားစုများ ရွေးချယ်နိုင်ရေး ဆည်ရေရရှိရေးနှင့် နွေစပါးထုတ်ကုန်များ ဝယ်ယူရေးစသည့်တို့ကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေကြည် ( ပြန် / ဆက် )