ကန်ကြီးထောင့် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် စာပေဖတ်ရှုလိုသူ ဝန်ထမ်းများအား စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်များ အခမဲ့ငှါးရမ်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြန်မာ့စီးပွါးရေးဘဏ်သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်း နိုင်ခြင်းမရှိသော ဌာနဆိုင်ရာရုံးဝန်ထမ်းများ စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး၊ ပြင်ပဗဟုသုတများ ရရှိစေရေးနှင့် အားလပ်ချိန်တွင် စာအုပ်စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန် မြှင့်မားရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးကြောင်းသိရှိရသည်။
မဇင်(ပြန်/ဆက်)