သာပေါင်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် MSMEs ထုတ်ကုန်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲတွင် ပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်တို့ ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ တွေ့ဆုံ စီမံဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ MSMEs ထုတ်ကုန်ပစ္စည်းများ ပြသ၊ ပြိုင်ပွဲ ထုတ်ကုန်ပစ္စည်းများ သွားရောက်ပြသနိုင်ရေးနှင့် ပတ်သက်၍ စည်ပင်သာယာရေး၊ စီမံကိန်း၊ စိုက်ပျိုးရေး၊ သစ်တော၊ စားသုံးသူရေးရာဌာန တာဝန်ရှိသူများနှင့် ဆန်ထွက်ပစ္စည်း၊ သစ်တောထွက် ဝါးထွက်ပစ္စည်း၊ "ရွှေချိန်ခွင်" ဖိနပ်လုပ်ငန်း၊ မု့န်လုပ်ငန်း(ဘုရင်မ)၊ (မြတ်မွန်) တံမြက်စည်းလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံ၍ ထုတ်ကုန်ပစ္စည်းများ ပြသ၊ ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင် စီမံမှာကြားဆွေးနွေးပြီး လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်