သာပေါင်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး ကျင်းပသော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၄/၂၀၂၂ ဆင်းပွဲကို ကြက်သွန်ကွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်က အောင်မြင်စွာ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကိုနိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသက်ညီညီမင်းနှင့် သင်တန်းနည်းပြများက ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရှေးဦးပြုစုခြင်းဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပို့ချချက်များအား ဆန်းစစ်မှု ပြုလုပ်၍ Worldview International Foundation မှFirst Aid Kit၊ သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ကျွန်းလျားကြီး ကျေးရွာနှင့် သစ်ဖြူကျေးရွာ အုပ်စုတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၉)ဦးကို အသီးသီးပေးအပ်ခဲ့ကြပြီး Worldview International Foundation၏ ပံ့ပိုးကူညီပေးမှုဖြင့် သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်း။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်