မက်မန်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ မွေးကင်းကလေးငယ်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးဝန်ကြီး ဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)အချိန်တွင် မက်မန်းမြို့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် မွေးကင်းစ ကလေးငယ်များနှင့် အသက်(၂)နှစ်ခွဲ အောက်ကလေးငယ်များတို့ကို သတ်မှတ်ထားသော အသက်အရွယ်အလိုက် ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ဆုံဆို့ရောဂါ၊ ပိုလီယိုရောဂါ စသည့်ကာကွယ်ဆေးများကို အသက်ရွယ်အလိုက် သတ်မှတ်ထားသောရက်များ တွင် ဆေးအကြိမ်ရေပြည့် ထိုးနှံပေးခြင်း ဖြစ်သည်။
မက်မန်းမြို့တွင် မွေးကင်းကလေးငယ်များနှင့် အသက်(၂)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးပြီးပါက ကျန်ရှိနေသည့် အကြိမ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အချိန်အသက်ရွယ်အလိုက် အချိန်မှန် ပြန်လည်လာရောက်ထိုးနှံပေးနိုင်ရေး ကို ကလေးမိခင်းများအား မှာကြားခဲ့ကြောင်းလည်း သိရသည်။
ပန်းကျင်(ပြန်/ဆက်)