လင်းခေးတွင် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆို

လင်းခေး ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ယမန်နေ့မွန်းလွဲ နာရီက အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲကို မြို့အဝင်စုပေါင်း ဂိတ်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအောင်ပွဲရ အားကစားသမားများသည် လင်းခေးမြို့နယ် ကိုယ်စားပြု၂၀၂၂ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး အလွတ်တန်း ပြေးခုန်ပစ်ပြိုင်ပွဲနှင့် မြန်မာ့သိုင်းအားကစားပြိုင်ပွဲတို့ အောင်ပွဲရရှိလာခဲ့ခြင်းဖြစ်သည်။ လင်းခေးမြို့နယ်အနေဖြင့် ပြည်နယ်အဆင့်ပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲတွင် တတိယ(ပူးတွဲ)ဆု၊ပြေး ခုန်ပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်()ခု၊ ငွေတံဆိပ်()ခုနှင့် ကြေးတံဆိပ်(၃)ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့သိုင်းပညာပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၅)ခုတို့ ဆွတ်ခူးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(ပြန်/ဆက်)