သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေစကားဝိုင်းကျင်းပ

သိန္နီ    ဒီဇင်ဘာ        ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိအိသိမ့်က စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သိန္နီမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ Grade-9 ကျောင်းသား မောင်ခန့်မင်းဝေက “ပညာလို အိုသည်မရှိ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-9 ကျောင်းသူ နန်းမွေဟွမ်အေးက “ရည်မှန်းချက်မရှိရင် သင်္ဘောပေါ်လိုက်ပါနေသလိုပဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသား မောင်အောင်ဇေဖြိုးက “ကိုယ်ကျင့်သိက္ခာဆိုင်ရာ ဆုံးမစကားများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မချိုဇင်ဝင်းက “အကျင့်ထဲသို့ဝင်ရောက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဘက်စုံထူးချွန်စေရန်၊ စာပေလေ့လာဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ စာပေစကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)