ကံမ ဒီဇင်ဘာ ၁၄
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့်မြို့ပေါ် ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်များအနက် FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ၌ FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန် (၁၅) မျိုးတို့မှာ Benzoic Acid နှင့် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်၍ ပါဝင်နေခြင်းကြောင့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့်အတွက် အဆိုပါ စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိနှင့် ကုန်ပစ္စည်းလက်ကျန် မရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)