ချောင်းဆုံမြို့နယ် မုရစ်ကြီး(မူလွန်)ကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲပြုလုပ်

ချောင်းဆုံ ဒီဇင်ဘာ ၁၅

မွန်​ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်​ကြား​နေသည့် ကျောင်းသား/ သူများ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် ပညာ​ရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး၊ ယမန်နေ့ မွန်းလွဲအချိန်က၊ ချောင်းဆုံမြို့နယ်၊ မုရစ်​ကြီး(မူလွန်)အခြေခံပညာကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟော​​ပြောခြင်းနှင့် လက်တွေ့သရုပ်ပြမှုများ​ပြုလုပ်​ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးအရာရှိ ဦးတင်လင်းဦးက ကျောင်းသား/ သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ထားသင့်သည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားလာပါက လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံနည်းလမ်းများကို  ရှင်းလင်းပြောကြားပြီး ဆရာ/ ဆရာမ ကျောင်းသူ/ ကျောင်းသားများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြခဲ့ကာ ကျောင်းသား/ သူများကလည်း လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ သရုပ်ပြပွဲကို မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမနှင့် ကျောင်းသား ကျောင်းသူ (၁၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)