လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၁၅

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးအောင်တင်ရွှေက လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးနှင့်ပတ်သက်​၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။ ထိုသို့ ရှင်းလင်းဆွေးနွေးမှုနှင့် ပတ်သက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့သည်။ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာတွင် အဆင်ပြေရန်နှင့် မှန်ကန်မှုရှိစေရေး ညှိနှိုင်းပူးပေါင်း ဆွေးနွေးကြကြောင်း သိရသည်။

မြတ်ဖူးခင် (ပြန်/ ဆက်)