ညောင်ဦး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသေးစားစက်သုံးဆီပန့်ဆိုင် လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယခုအခါပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သည်နှင့်အညီ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရန်ရည်ရွယ်၍ ညောင်ဦးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော အသေးစားပန့်စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား ညောင်ဦးမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ စက်သုံးဆီဖြည့်တင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးရှင်းလင်းကာ အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံလုံလောက်စွာ အသင့်ဝယ်ယူဖြည့်တင်းထားရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူးအား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်စေရေးအတွက် ထိန်းသိမ်းထားသိုနည်း၊ ပုံမှန်စစ်ဆေးနည်းနှင့် အရေးပေါ်ဖြစ်ပွားလာပါက စနစ်တကျဖြင့် လက်တွေ့ကိုင်တွယ်အသုံးပြုတတ်စေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများ အားပြုလုပ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ