ယင်းမာပင် ဒီဇင်ဘာ ၁၅
စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူများအတွက် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကျင်းပပေးကြောင်း သိရသည်။
အဆိုပါအားကစားပြိုင်ပွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ပြီး မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲနှင့် သံပုရာသီး ဇွန်းကိုက်ပြိုင်ပွဲများ ကျင်းပပေးရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့်ကျောင်းသားကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးဆန်းမော်၊ အဖွဲဝင် (၁) ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)