သတင်းများ

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲ ကျင်းပ
Dec 15,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရေးအတွက် ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်ပင်မဆောင်ရင်ပြင်၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် လူငယ်စကားဝိုင်းကျင်းပ
Dec 15,2022
 “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး”ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ပြပွဲ ပြိုင်ပွဲများ ကျင်းပ
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် မီးသတ်တပ်ဖွဲ့စခန်းနှင့် အကျဉ်းထောင်ကြည့်ရှုစစ်ဆေး
Dec 15,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၄)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မီးသတ်တပ်ဖွဲ့စခန်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
မြဝတီမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံ
Dec 15,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကုန်ထုတ်လမ်းဖြစ်လာတော့မည့် မမျိုးစု - ကင်းရွာ - ခရမ်းဝ - ရေတွင်းကုန်း - ကွင်းပေါက်လမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်မှု့ကြောင့် ဒေသခံတို့ဝမ်းသာ
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရေတွင်းကုန်း - ကွင်းပေါက် - ရွှေမုယင်း ဒေသများသည် ယခင်က ကုန်ထုတ်လမ်းအဖြစ် ရေလမ်းကိုသာ အဓိကထား အသုံးပြုနေရပြီး သွားလာရခက်ခဲသော ဒေသတစ်ခုဖြစ်သည့်အတွက် ယခုအခါ ရွှေမုယင်းဒေသ သို့ဆက်သွယ်၍ ကုန်ထုတ်လမ်း ဖောက်လုပ်မည့် မမျိုးစု-ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက် လမ်းကိုရာသီမရွေး သွားလာနိုင်ရန်အတွက် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် မြေသားလမ်းဖောက်လုပ်ရာမှ ကွန်ကရစ်လမ်း အဆင့်မြင့်တင်ခြင်းဖြစ်ကြောင်းသိရသည်။
တောင်ငူ၌ သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေရရှိစေရေး ကျေးလက်ဒေသများတွင် သင်တန်းများဖွင့်လှစ်
Dec 15,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် တောင်ငူမြို့ ဇီးဒိုင်းကျေးရွာ၌  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ဟင်္သာရွှေမြေ (ပဲခူးတိုင်းဒေသကြီး) တောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ သက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်သည်။
မန္တလေးတိုင်းဒေသကြီး၌ ကျင်းပမည့် အသက်(၁၈)နှစ်အောက် ကျောင်းအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကျောက်ဆည်ခရိုင်မှ အားကစားသမား(၈၁)ဦး ပါဝင်သွားမည်ဖြစ်
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျင်းပပြုလုပ်မည့် အသက်(၁၈)အောက် ဘော်လုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ပြေးခုန်ပစ် ကျောင်းသားအားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက် ကျောက်ဆည်ခရိုင်မှ အဖွဲ့ခေါင်းဆောင်အပါအဝင် ဒိုင်လူကြီးမျးနှင့် နည်းပြအုပ်ချုပ်သူ(၂၀)ဦး၊ အားကစားသမား(၈၁)ဦး စုစုပေါင်း(၁၀၁)ဦး ဒီဇင်ဘာ (၂၅) ရက်နေ့နံနက်ပိုင်းတွင် သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။