သတင်းများ

ရှမ်းရွာသစ်မြို့တွင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအဆင်ပြေ
Dec 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာဘဲများဈေး ကောင်းပေးဝယ်နေ၍ ဘဲမွေးမြူသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် သစ်ခွတောင်ကျေးရွာတွင် မြစိမ်းရောင်ရန်စီမံကိန်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Dec 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သစ်ခွတောင်ကျေးရွာတွင်မြစိမ်းရောင်ရန် စီမံကိန်းကော်မတီဝင်များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆီစက်အဆင့်မြှင့်တင်ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်များအတွက် ဆီစက်လုပ်ငန်း ချေးငွေ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့မှ ကွင်းဆင်းစိစစ်
Dec 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်အတွင်းရှိ ဆီစက်အဆင့်မြှင့်တင် ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်များအတွက် ဆီစက်လုပ်ငန်း ချေးငွေ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆီစက်များရှိရာ ကျေးရွာအရောက် ကြည့်ရှုစိစစ်ဆောင်ရွက် ကြသည်။ ထိုသို့ ကျေးရွာအုပ်စုများရှိ ဆီစက်အဆင့်မြှင့်တင် ဆောင်ရွက်လိုသည့်
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
Dec 16,2022
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြခန်းတာဝန်ခံများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
လိပ်သိုမြို့၌ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Dec 16,2022
စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၆၀၀ ပေးအပ်ပွဲကျင်းပ
Dec 16,2022
 ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး ကျေးရွာစီမံကိန်း လုပ်ငန်းအား ချေးငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ရက် နံနက်၁၀နါရီက ထရန်ဒမ်းကျေးရွာအုပ်စု ၊ ဆင်လွမ်ဒမ် -၂ ကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြန်အောင်မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးနှိုးဆော်
Dec 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများသိရှိစေရန် ယမန်နေ့ညက လိုက်လံအသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင်  ကြက်သွန်နီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရေး မျှော်လင့်
Dec 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ကြက်သွန်နီသီးနှံ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်း ရရှိရေး မျှော်လင့်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။