မြန်အောင် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများသိရှိစေရန် ယမန်နေ့ညက လိုက်လံအသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံအသိပေးနှိုးဆော်ရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးလန့်မှု၊ မီးလောင်မှုများ ဖြစ်ပွားခြင်းမရှိစေရန် မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်မီးအသုံးပြုလျှင်၊ ဆေးလိပ်သောက်လျှင်နှင့် လောင်စာဆီများအသုံးပြုလျှင် လိုက်နာရမည့်အချက်များ၊ မိမိနေအိမ်နှင့် စီးပွားရေးလုပ်ငန်းများတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် လုပ်ဆောင်ရမည့် အချက်များနှင့်မီးလောင်မီးလန့်မှု ဖြစ်ပွားပါက ကြိတ်၍မီးငြိမ်းသတ်ခြင်း မပြုလုပ်ရန်၊ အနီးဆုံး မီးသတ်စခန်းသို့ ဆက်သွယ် အကြောင်းကြားရန် စသည့်အချက်များကို ပြည်သူများသိရှိစေရန် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)