သတင်းများ

မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိဈေးအားလုံးမှ ဈေးသူဈေးသားများနှင့် မြို့နေပြည်သူများအန္တရာယ် ကင်းစိတ်အေးချမ်သာစွာ ဈေးရောင်းဈေးဝယ်ခြင်းများ ဆောင်ရွက်ကြစေရန်နှင့် ဈေးသူဈေးသားများ၏ မိသားစုစီးပွားရေးလုပ်ငန်းများအား အစဉ်ကြည့်ရှုစောင့်ရှောက်ရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၃ နာရီချိန်က မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နတ်တလင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရုပ်ပုံဆက်ပြိုင်ပွဲကျင်းပ
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရုပ်ပုံဆက်ပြိုင်ပွဲကိုယမန်နေ့ နေ့လယ်(၂)နာရီကကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ သစ်တောပြုန်းတီးမှုကြောင့် ရာသီဉတုပူပြင်းလာခြင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 16,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟော ပြောပွဲကို ထမ္မရာဇ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Dec 16,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီကစျေးအတွင်း၌ ဆောင်ရွက်သည်။
သရက်ချောင်းမြို့နယ်၊ မူလတန်းကြိုကျောင်းမှ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုနှင့် ဒီဇင်ဘာလှုပ်ရှားမှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မူလတန်းကြိုကျောင်းမှ(၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုနှင့်ဒီဇင်ဘာလှုပ်ရှားမှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ(Book Club  )အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၀င်တို့ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်( ၁၀)နာရီက ပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့တွင် ယခုနှစ် ပြောင်းဖူးစတင်ပေါ် ချိန်တွင် အထွက်နှုန်းနည်းပါး၍ အရှုံးပေါ်မှာ စိုးရိမ်နေ
Dec 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ပြောင်းဖူးအပင်များကိုစိုက်ပျိုးကြရာ ပြောင်းဖူးပေါ်ချိန်၌ အထွက်နှုန်းနည်းပါး၍ အရှုံးပေါ်မှာကို စိုးရိမ်နေကြကြောင်း ကလိန်အောင်မြို့ ပြောင်းစိုက်တောင်သူထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပ
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီကအဆိုပါ ဦးစီးဌာနရှိ လူထုအခြေ ပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။