သနပ်ပင်မြို့နယ်တွင် “မျောက်ကျောက်ရောဂါအကြောင်း” သိကောင်းစရာ အသိပညာပေး  Talk Show ဆောင်ရွက်

သနပ်ပင်  ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး  Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ညိုပြာက မျောက်ကျောက်ရောဂါအကြောင်းနှင့် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ သတိပြုရန်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်မိမိခိုင်က တိရစ္ဆာန်မှတစ်ဆင့် လူကိုမကူးစက်နိုင်ရန် လျှော့ချသင့်သောနည်းလမ်းများ၊ လူအချင်းချင်း ကူးစက်နိုင်ချေ‌လျှော့ချရန် နည်းလမ်းများ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် မျောက်ကျောက်ရောဂါကို  ကူးဆက်နိုင်မည့်   နည်းလမ်းများ၊  မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန သနပ်ပင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)