စလင်း ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသည့် ဓာတ်မြေသြဇာ အရောင်းဆိုင်များအား မြင်းပျံအမှတ်တံဆိပ်ပါအိတ် များအတွင်း အခြားဓာတ်မြေသြဇာများထည့်သွင်း၍ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသက်ဆိုင်ရာဌာနများ လိုက်ပါကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလိုက်ပါ၍၊ စလင်းမြို့ပေါ် ဓာတ်မြေသြဇာအရောင်းဆိုင်များနှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရောင်းချလျက်ရှိသည့် ဓာတ်မြေသြ ဇာအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် မြင်းပျံအမှတ်တံဆိပ်အိတ်များအတွင်း တောင်သူဦးကြီးများ လယ်ယာထွက်ကုန် သီးနှံစိုက်ပျိုးရာတွင် အသုံးပြုသည့် မြင်းပျံအမှတ် တံဆိပ်အိတ်များအတွင်း အခြားဓာတ်မြေသြဇာများထည့်သွင်း၍ မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေ သြဇာသတ်မှတ်စျေးနှုန်းထက်လျော့ချ၍ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေကြောင်းသိရှိရ၍ (ICP SHWE. ME. ကုမ္ပဏီမှတိုင်ကြားလာခဲ့၍ မိမိတို့တိုင်းဒေသခရိုင်၊ မြို့နယ်များအတွင်း မြင်းပျံအမှတ်တံဆိပ်ဓာတ်မြေသြဇာများထဲတွင် အခြားဓာတ်မြေသြဇာများထည့်သွင်း၍ ရောင်းချနေကြောင်း မှန်ကန်မှုရှိ/ မရှိကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း အကယ်၍ ရောနှော၍ထည့်သွင်းရောင်းချနေမှု တွေ့ရှိပါက တရားဥပဒေနှင့်အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဓာတ်မြေသြဇာရောင်းချသူများအား အသိပညာပေးခြင်းများကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်က အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်