မိုင်းယောင်း ဒီဇင်ဘာ ၁၆
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းတောင့်တရာဖြစ်သော မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေး ရည်သန်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် အမှတ်(၂)ရပ်ကွက် ကြောမ်ကျိုက် ဆရာတော်ကြီး၏ မတည်လှူဒါန်းမှု၊ အလှူရှင်များ၏ ပေါင်းစုကောင်းမှုဖြင့် စေတီတော်ကို တည်ထားလျက်ရှိသည်။
ထို့ကြောင့် မြတ်နိဗ္ဗာန်ချမ်းသာကို မျက်မှောက်မျက်မြင် ရရှိစေနိုင်ရန် စေတီတော် တည်ဆောက်ရေးတွင် သဒ္ဓါတတ်အားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းလိုပါက ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူး ဖုန်း-၀၉၄၂၃၉၁၉၅၆၈၊ ကျေးရွာဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖုန်း-၀၉၂၆၆၈၃၅၄၅၆ နှင့် စေတီတော်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဖုန်း-၀၉၂၆၅၉၉၆၁၃၉ များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း