တောင်ငူ ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအတွက် အလင်းရရှိစေရန် စက္ခုဒါနအလှူတော်ငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဆေးရုံတော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ သီတဂူ ကေတုမတီ ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် သီတဂူအရှင် တိက္ခသာရ အရှင်သူမြတ်ထံမှ သြဝါဒခံယူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ တပ်မတော်မှ အရာရှိကြီးများ၊ တောင်ငူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများက မျက်စိဝေဒနာရှင်များအတွက် အလင်းရရှိစေရန် စက္ခုဒါနအလှူတော်ငွေများ လှူဒါန်းပြီး မျက်စိဝေဒနာရှင် လူနာများအား လှည့်လည် ကြည့်ရှုအားပေးသည်။
အဆိုပါ ဆေးရုံတော်ကြီး၌ မြန်မာနိုင်ငံဒေသအသီးသီးရှိ မျက်စိဝေဒနာရှင်များအား မျက်စိအထူးကုဆရာဝန်ကြီးများက စမ်းသပ်ကုသပေးလျက်ရှိရာ ယခင်လတွင် မျက်စိဝေဒနာရှင် (၇၀၅)ဦးအား ကုသပေးနိုင်ခဲ့ကြောင်း၊ ယခုလတွင်မျက်စိဝေဒနာရှင် (၈၀၀) ဦးကျော်အား ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၌ နှစ်လတစ်ကြိမ်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ငွေကြေးနည်းပါးသည့် မျက်စိဝေဒနာရှင်များအတွက် အခမဲ့ကုသနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခွဲစိတ်ကုသပြီးစီးသည့် လူနာများအတွက် လိုအပ်သော မျက်မှန်၊ ဆေးဝါးနှင့် နေထိုင် စားသောက်စရာများကိုလည်း အခမဲ့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုသမှုခံယူလိုသည့် မျက်စိဝေဒနာရှင်များအနေဖြင့် လာရောက်ကုသမှု ခံယူစေလိုကြောင်း သီတဂူ ကေတုမတီ ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် သီတဂူအရှင် တိက္ခသာရ အရှင်သူမြတ်၏ မိန့်ကြားချက်အရ သိရသည်။
ခရိုင် ပြန်/ဆက်