စမ်းချောင်း ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ လုံခြုံရေးကိစ္စများနှင့်စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက မြို့နယ်အတွင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးမြေပြင်လူဦးရေစာရင်းကောက်ယူရေး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ အားကစားပွဲများကျင်းပရေး နှစ်သစ်ကူးလုံခြုံရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက်ရုံးများသန့်ရှင်းရေး ဥပဓိရုပ်ကောင်းမွန်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီလာစိုး