(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယွန်းတန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းလမ်းတွင် ယမန်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယွန်းတန်းလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာဦးမြတ်ဇော်လင်းက ယွန်းတန်းလမ်းကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ အဆိုပါလမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီးကျပ်ငွေ(၁၉.၄)ကျပ်သန်းကုန်ကြခံကာ အရှည်(၄၈၀၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု( ၈)လက်မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်သည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှကျေးဇူးတင်စကားပြောကြားပြီး အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးခင်ဇော်တို့မှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယွန်းတန်းလမ်းကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့်ပြည်သူများက လမ်းသစ်အားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)