အင်္ဂပူမြို့တွင် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘော လုံးပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

အင်္ဂပူ၊ ဒီဇင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင် အသင်းများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးအား အလေးပြုခြင်းနှင့်တန်းအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အုပ် ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းသားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။ ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပြိုင်ပွဲအား စပေးဘောလုံးကန်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အားကစားမှူး ဦးအေးမင်းခိုင်နှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစား သမားများတက်ရောက်ခဲ့ပြီး ပြိုင်ပွဲကိုဒီဇင်ဘာလ (၂၉)ရက်မှ ဇန်နဝါရီလ (၄)ရက်နေ့အထိပြု လုပ်မည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအသင်း (၆)သင်းနှင့် ‌ဖူ‌ဆယ် ဘောလုံးအသင်း  (၁၁)သင်းတို့ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)