ပန်းတနော်မြို့၌ စျေးကွက်အတွင်း အရည်အသွေးနိမ့် မြေဩဇာများ ထည့်သွင်းပြီး တုပရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပန်းတနော် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် စျေးကွက်အတွင်း အရည်အသွေးနိမ့် မြေဩဇာများထည့်သွင်းပြီး တုပရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့  မွန်းလွဲ ၃ နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ဝင်များမှ ဓာတ်မြေသြဇာ အရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုကို ပန်းတနော်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ခံနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဓာတ်မြေဩဇာအရောင်းဆိုင်များ၌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေဩဇာများနှင့် မြေသြဇာအတုများ ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိတို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)