နောင်မွန်း ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစားနှင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အထက-နောင်မွန်းကျောင်း၌ကျင်းပသည်။
အဆိုပါပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး အထက-နောင်မွန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ဆုံးမဩဝါဒစကားပြောကြားကာ ပြိုင်ပွဲအသီးသီတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုကြေးငွေများချီးမြှင့်ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် "(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့" ခေါင်းစဉ်ဖြင့် အထက်တန်း အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အားလူးကောက်ပြိုင်ပွဲ၊ မီတာ ၇၅အပြေးပြိုင်ပွဲ၊ အထက်တန်းအဆင့် လှံတံပစ်/သံပြားပစ်ပြိုင်ပွဲနှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အလယ်တန်းအဆင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲများနှင့် ပူဖောင်းဖောက်၊ မုန့်စား၊ ရေပုလင်းဖြည့် စသည့်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပေးခဲ့ရာ အတန်းတိုင်းမှ ကျောင်သား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)