သရက်ချောင်းမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပြခန်း ခင်းကျင်းပြသခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သရက်ချောင်း   ဇန်နဝါရီလ   

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပြခန်းများခင်းကျင်းပြသခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၃နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ လွတ်လပ်ရေးကျောက် တိုင်ဝင်းအတွင်း မြို့တော်ခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊  ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တာဝန်ရှိသူများနှင့် အခမ်းအနားတက်လာသူများက  ဌာနအလိုက်ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်းသိရသည်။

သားကြီး(သရက်ချောင်း)